A Chinese Odyssey Part 1:Pandora's Box (1995)
A Chinese Odyssey Part 1:Pandora's Box (1995)
အားလုံးသိပြီးသားဖြစ်မယ့် Chow ကြီးရဲ့နာမည်ကျော် သမိုင်းတွင်တဲ့ စွန်းဝူခုန်း ဇာတ်လမ်းပဲဖြစ်ပါတယ်။ Movie Link ကအောက်ဆုံးမှာပါ။
••••••
တခြားမပြောခင် Plot လေးကို ပြောပြချင်ပါတယ် •••
လွန်ခဲ့တဲ့ နှစ်၅၀၀ တုန်းက "စွန်းဝူခုန်း" နဲ့ "ထန်းစန်း" ဆရာတော်တို့ဟာ အနောက်အရပ်ကိုကျန်းဂန်သယ်ဖို့ အကြောင်းစီထားပြီးသားပါ။သို့သော် "ဝူခုန်း" ဟာ လမ်းတ၀က္မှာ မိစ္ဆာများဖြင့် ပူးပေါင်းပြီး "ထန်းစန်း" ဆရာတော်ကို သတ်ဖို့ ကြံရွယ်မိပါတော့တယ်။ဒါကိုသိတော့ "ကွမ်ရင်မယ်တော်" က "ဝူခုန်း" ကို ဆုံးမဖို့ ကောင်းကင်ဘုံကိုခေါ်ဆောင်သွားပါတော့တယ်။ဒါပေမယ့် "ဝူခုန်း" သူ့အပေါ်ဘယ်လို အမျက်ထွက်ထွက် သည်းခံကာ၊စာနာတတ်တဲ့ "ထန်းစန်း" ဆရာတော်ဟာ "ဝူခုန်း"ကို လွှတ်ပေးဖို့ သူ့ကိုယ်သူသတ်သေကာ စတေးလိုက်ပါတော့တယ်။ကောင်းကင်ဘုံက ကြားသိတော့ "ဆရာတော်" နဲ့ "ဝူခုန်း" တို့ရဲ့ သံယောဇဉ်ကိုထောက်ထားကာ ၂ယောက်လုံးကို အတူ ကျမ်းဂန်ပြန်သယ်စေဖို့ ဖန်တီးလိုက်ပါတော့တယ်။"ဝူခုန်း" ကို နှစ်၅၀၀ ပြစ်ဒဏ်ချစေပြီး ဆရာတော်ကို ပြန်လည်ရှင်သန်စေခဲ့ပါတယ်....
နှစ် ၅၀၀ ပြည့်ခန်နီး မျောက္မင်းပြန်မဖြစ်ခင် လူဘ၀သို့ရောက်သောအခါ "ဝူယွီ" တောင်ဆိုတဲ့နေရာမှာ ကျက်စားနေထိုင်တဲ့ ဓားပြ "ဂျိုကာ" အဖြစ်ရှိနေစေပါတယ်။ဆရာတော်နဲ့ ဒီတောင် မှာပဲ ပြန်ဆုံပြီး ကျန်းဂန် သယ်ဖို့ အကြောင်းဖန်မှာဖြစ်ပါတယ်။သို့သော် ဒီသက်ရှည်ဆရာတော်ကို အမဲဝိုင်းဖြတ်မယ့် မိစ္ဆာများစွာက "ဝူယွီ" တောင်မှာ ကြိုတင် ရောက်ရှိနေပါတော့တယ်။ မိန်းမပျို၃၀ မောင်နှမဖြစ်တဲ့ ပင့်ကူမိစ္ဆာ နဲ့ အရိုးဖြူမိစ္ဆာ "ကျင်းကျင်း" တို့ပါ။သူတို့ဟာ ဆရာတော်အသားကိုစားဖို့ရောက်ရှ်ိနေသော်လည်း လွန်ခဲ့တဲ့နှစ် ၅၀၀က "ကျင်းကျင်း" နဲ့ "ဝူခုန်း" တို့ရဲ့ အချစ်ဇာတ်လမ်းလေးက ရှိနေပါသေးတယ်။
ဒါကို ယခုဘ၀မှာ လူဖြစ်နေတဲ့ မျောက္မင်းကတော့ဘယ်မှတ်မိရှာမလဲ?
ဒီလိုနဲ့ မိစ္ဆာမလေး နဲ့ မျောက္မင်းမဖြစ်သေးတဲ့ ဂျိုကာ တို့ရဲ့ အချစ်ဇာတ်လမ်းတွေအပြင် ....
ဆရာတော်အသားကို သူတို့စားနိုင်ပါ့မလား....
ဂျိုကာ က ေကာသူ့သရုပ်မှန်ဖြစ်တဲ့ ဘာလို့မျောက္မင်း မဖြစ်သေးတာလဲ ဆိုတာတွေ အပြင် အချိန်နောက်ပြန်ရောက်တဲ့ Pandora Box အကြောင်းကို ပါကြည့်ရူ ့ရမယ့် Historical / Comedy အမျိုးစားဖြစ်ပါတယ်။
"ကျူးပါကျဲ" အဖြစ် Ng Man Tat
အရိုးဖြူမိစ္ဆာ "ကျင်းကျင်း" အဖြစ် Karen Mok
ပင့်ကူမိစ္ဆာ အဖြစ် "Yammie Lam" တို့ကပါ၀င်ထားပါတယ်။
ဒါရိုက်တာကတော့ ရင်းနှီးပြီးသားဖြစ်တဲ့ Jeffrey Lau ဖြစ်ပြီး ဇာတ်လမ်းထဲမှာလဲ စပျစ်သီးဖိုးဖိုးဗုဒ္ဓ အဖြစ် ပါ၀င်ထားတာကို မြင်ရမှာဖြစ်ပါတယ်။Box office HK$25 Million ရရှိထားပြီး ဒီကားဖြင့် Best Actor ဆုကို Chow က ဆွတ်ခူးထားပါသေးတယ်။
ဒီဇာတ်ကားဟာ HongKong Flim Award ရဲ့ Best 100 Chinese Motion List မှာ အဆင့် ၁၉ ၀င်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလဲဖြစ်ပါတယ်။ 1995 မှာပဲ Part 2 ဆက်လက်ထွက်ရှိထားသေးတာမို့ ယခုကားကြည့်ပြီးမှသာ ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အသံထွက်ကတော့ Mandarinပဲရပါတယ်
File Size-550Mb
Resolution-720p
Credit to channelMyanmar
Source-Stephen Chow Movies and Knowledge(Mya)Group
Review-Thiha Zaw htet
Credit to channelMyanmar
Source-Stephen Chow Movies and Knowledge(Mya)Group
Review-Thiha Zaw htet
Type of download-Google Drive Link
💚Link*(1)_1080pရ ယူရန် -https://drive.google.com/file/d/14KeGwQpV_551CEOExa4NIBMXyn2rfkcu/view?usp=sharing
💛Link*(2)_1080pရ ယူရန် - https://drive.google.com/file/d/14KeGwQpV_551CEOExa4NIBMXyn2rfkcu/view?usp=sharing



Comments
Post a Comment