All's Well,Ends Well (1997)
Alls Well Ends Well (1997)
ဒီဇာတ်ကားလေးကတော့ အတော်ကြာ ပျောက်နေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Raymond Wongရဲ့ Alls well ends well series ထဲက ဇာတ်ကား တစ်ကားပဲ ဖြစ်ပါတယ်။ imdb rating #6.2 ရရှိထားပြီး Seriesတစ်ခုလုံးမှာ တတိယမြောက် Ratingအများဆုံး ကားတစ်ကားလဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းကိုတော့ ဒါရို က်တာ Alfred Cheung ရို က် ကူးထား ပြီး ညီအကို3ယောက် အ နေ ဖြင့် Stephen Chow,Raymond Wong နှင့် Francis Ng တို့က ပါ၀င်် ထားပါတယ်။
Plot**
ညီအကိုသုံးယောက်ဖြစ်တဲ့ လောင်းလို(Raymond) ၊ ဖေးလို(Francis) ၊ကွန်းလို (Chow) တို့ဟာ အမေမရှိတဲ့ မိတဆိုးသားလေးတွေဖြစ်ပြီး သူတို့အဖေ Mr.Lo ပိုင်တဲ့အိမ်ကြီးမှာပဲ အတူတကွနေထိုင်ကြပါတယ်။ အကြီးဆုံးဖြစ်တဲ့ (လောင်းလို) က စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှုအားကောင်းကာ ဆိုင်ခွဲများစွာဖြင့် ၀င်ငွေ များစွာရရှိတာကြောင့် တစ်အိမ်လုံးကိုရှာကျွေးထားနိုင်ပါတယ်။သူ့ရဲ့ မိန်းမကလဲ အိမ်ရှင် မကောင်းတစ်ယောက်ဖြစ်ပြီး အိမ်မှုကိစ္စကို သူပဲ ဦးဆောင်ပါတယ်။မိသားစုတာ၀န်ကျေသော်လည်း မှုန်ကုတ်ကုတ်နဲ့သွားကလဲမလှ၊ Skinလဲမcare နိုင်တဲ့အပြင် အသုံးအဖြုန်းမလိုက်စား တာကြောင့်စတိုင်ထုတ်ချင် တဲ့ (လောင်လို) နဲ့ အိမ်ထောင်ရေးက ခနိုးခနောင့်ဖြစ်နေပါတယ်။
အလတ်ဖြစ်တဲ့ (ဖေးလို) ကတော့ ပညာရေးကိုအလေးစိုက်သူဖြစ်ပြီး အသက်သာကြီးသွားတယ်။ဘွဲ့တွေတပုံကြီးနဲ့ အလုပ်မရှာပဲ အကိုအကြီးဆုံးလုပ်စာထိုင်စား ၊အချိန်သာဖြုန်းနေပါတယ်။ချစ်သူရွေးချယ်ရာမှာလဲ အိမ်နဲ့ အဆင်မပြေ၊မလိုက်ဖက်တာကိုရွေးချယ်မိတဲ့အပြင် တစွတ်ထိုးလုပ်ရက်တွေ နဲ့တယူသန်အတွေးတွေကြောင့် အချစ်ရေးမှာတိုင်ပတ်နေသူပါ။ ဒီ့ထက်် ဆိုးတဲ့ အငယျဆုံး (ကွ န်းလို) ကတော့ အလုပ်် မရှိ၊ပညာလဲမ ထွန်း ပေါက် ၊အိ်မှာလဲအားကိုးမရ၊ဆိုး သွမ်း၊ အလေလိုက် နေ သူပေါ့။တနေ့တော့သူ့
မွေးနေ့မှာ အကိုတွေ ရဲ့ ကျီစယ် မှု က နေ အကြွေးတင်ကာ ပြန်မဆပ်နိုင်တာ ကြောင့် အရူးဟန် ဆောင်ကာ နေထိုင် ရ ပါတော့ တယ်၊၊
ဒီလိုဟန်ဆောင်ရင်း သူတို့အိမ်ရဲ့အခြေနေတွေ၊ဆိုးသွမ်းသော် လည်း အပြစ်မတင်ပဲ သူ့အပေါ် ထားတဲ့ မေတ္တာတွေ ၊ အ ငယ် ဆုံး ဖြစ်သော် လည်းအ လိုလိုက်် ခံရမှုတွေကို ရူထောင့် တစ်ခုကနေ ကောင်းစွာမြင်လာပြီး (ကွန်းလို) တစ်ယောက် ဘယ်လိုဖြစ်သွားမလဲ?
အကိုကြီး (လောင်းလို) ရဲ့အိမ်ထောင်ရေး အဆင်မပြေတာတွေ? အကိုလတ် (ဖေးလို) ရဲ့ အချစ်ရေး ရွေးချယ် ပုံတွေ
စတဲ့ တယောက်ချင်းစီရဲ့ မိသားစု ရေးရာတွေကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ခုပါ။
Box officeအနေနဲ့ HK$40millionကျော်ရရှိထားပြီး သိတဲ့အတိုင်းဒီ စီးရီး ဆိုတာ က အိမ်ထောင်ရေး၊မိသားစုရေး၊အချစ်ရေးတွေ ကို ဟာသနှောကာ တင်ဆက်ထားတဲ့ ပညာပေးဟာသ ကားလေးတစ်ခုဖြစ်တာကြောင့် ၂ခါပြန်ကြည့်မိတဲ့ဇာတ်ကားတစ်ကားပါပဲ။😍ဇာတ်ကွက်သဘောရိုးက ၁၉၉၂ တုန်းက ပုံစံမျိုးဖြစ်ပြီး ၁၉၉၂ရဲ့ sequal တော့ မဟုတ်ပါဘူး။
Facebookမှာတင်ရင် Copy Rightမိလို့ တင်မရတဲ့ ဇာတ်ကား ဖြစ်ပါတယ်၊၊
Chrome,FireFox,UcBrowser စတဲ့အပြင် browser တစ်ခုခုဖြင့်Download ရယူနိုင်ပါတယ်။Facebook ကနေ တန်းဝင်တာတို့၊ Messenger ကနေ နိပ်ဝင်တာ တို့ဆို Download ရယူ နိုင်မည် မ ဟုတ်ပါ။❌❌
File Size-1.75gb
Resolution-1080p
Credit to mmsubtitleupdate.co
Source-Stephen Chow Movies and Knowledge(Mya)Group
Review-Thiha Zaw htet
Credit to mmsubtitleupdate.co
Source-Stephen Chow Movies and Knowledge(Mya)Group
Review-Thiha Zaw htet
Type of download-Google Drive Link
💚Link*(1)_1080pရ ယူရန် - ဒီနေရာကို နိပ်ပါ။
💛Link*(2)_1080pရ ယူရန် - ဒီနေရာကို နိပ်ပါ။


Comments
Post a Comment